Black-hooded Oriole
icon

ငှက်ရွှေဝါခေါင်းမည်း (Black-hooded Oriole)

ဒီငှက်လေးတွေကို တချို့လည်း မြင်ဖူးကြမှာပါ။ ငှက်ရွှေဝါလို့ ခေါ်ကြပါတယ်။ ပဲခူးရိုးမမှာ ငှက်ပေါတယ် ကျနော်တင်ခဲ့တဲ့ ပို့်စ်တွေကို ကြည့်ပီး သတိထားမိနိုင်ပါတယ်။ အဲ့ဒီ ကသစ်ပင်မှာကို လာနားတဲ့ ငှက်တွေကို ထိုင်ပီး မှတ်တမ်းတင်တဲ့ ခဏမှာတင် ငှက်မျိုးစိတ် ၁၀မျိုးလောက်ထိ ရပါတယ်။ ကသစ်တွေပွင့်တဲ့အချိန် မနက်စောစော ထိုင်စောင့်နေရုံနဲ့တင် ငှက်တွေကို မြင်နိုင် မှတ်တမ်း တင်နိုင်အောင် ပေါနေပါသေးတယ်။ ကသစ်ပန်းတွေနဲ့ ပုံက ငှက်ရွှေဝါခေါင်းမည်းဖြစ်ပီး သစ်ရွက်စိမ်းတွေ ရှိတဲ့ကိုင်းမှာ နားနေတာက ငှက်ရွှေဝါပါ။ ရန်ကုန်မြို့ အချို့နေရာတွေမှာလည်း တွေ့နိုင်ပါတယ်။

Back