မြေ၀ပ်ငှက် (Savanna Nightjar)
မြေဝပ်ငှက်ဆိုတာ ကြားဖူးကြလား ? ကြားဖူးပီးထားပါတော့၊ မြင်ရော မြင်ဖူးကြရဲ့လား ? မုဆိုးဝတ္ထုတွေထဲမှာရေးထားတဲ့ ညဘက်တောလည်ရင်း ဓာတ်မီးနဲ့ထိုးလိုက်ရင် မြေကြီးနားကပ်နေတဲ့ မျက်လုံးတွေ မြင်ရတယ်ဆိုတာ ဒီ မြေဝပ်ငှက်တွေရဲ့ မျက်လုံးတွေပဲ ဖြစ်ပါတယ်။ နေ့ခင်းဘက်ကို အိပ်နေတတ်တာများပီး သူရဲ့ အမွှေးအတောင်တွေရဲ့ အရောင်ကြောင့် အလွယ်တကူမြင်တွေဖို့ ခက်ပါတယ်။ ကိုယ်က သူ့အနားရောက်သွားတဲ့အချိန် ရုတ်တရက်ထပျံသွားမှသာ သူ့ကို သတိထားမိတတ်ပါတယ်။ အခု photo ထဲမှာပါတဲ့ မြေ၀ပ်ငှက်ကိုတော့ Savanna Nightjar လို့ခေါ်ပါတယ်။ video ဆုံးခါနီးမှာ သူထပျံသွားတဲ့ ပုံလေးပါပါတယ်။ မြန်မာနိုင်ငံမှာ သူနဲ့ မျိုးနွယ်တူ Great-eared Nightjar, Grey Nightjar, Large-tailed Nightjar နဲ့ Indian Nightjar ဆိုပီးတွေ့နိုင်ပါတယ်။ မြန်မာလိုဆိုရင်တော့ တောင်ဒေါင်း၊ မြေဝပ် သို့မဟုတ် ငှက်ပြင်းဆိုပီး ခေါ်ဝေါ်ကြပါသေးတယ်။
Back