Black-napped Fruit Dove
icon

ချိုး ငှက်တမျိုး (Black-napped Fruit Dove)

ကျနော်တို့ ရင်းနှီးနေတာ ချိုးလည်ပြောက်၊ ချိုးနီပု၊ ချိုးလင်းပြာ။ ကျနော်တို့ဆီမှာ အဲလို ချိုး ငှက် မျိုးတွေပဲ ရှိတာပေ့ါ။​ အခု photoထဲက ချိုးငှက် ကျတော့ Black-napped Fruit Dove လို့ ခေါ်တဲ့ ချိုးတမျိုး။ အင်ဒိုနီးရှား ဘာလီကျွန်းမှာပဲ သူ့ကို မှတ်တမ်း တင်ခဲ့တာ။ သူက ခေါင်းမှာ အမဲကွက်လေး နဲ့ မျက်နှာက အဖြူရောင်။ ကိုယ်လုံးနဲ့တောင်ပံက အစိမ်းရောင်တွေရှိပီး အမြီးမှာကျတော့ အနီနဲ့ အ၀ါရောင်တွေနဲ့ တကယ်ကို လှပတဲ့ ချိုး ငှက်တမျိုးဗျ။ ကျနော် သူ့ကို တွေ့တွေ့ချင်း သူ့အလှကို ငေးကြည့်နေမိတော့တာပဲ။

Back