Scaly-breasted Munia
icon

စာ၀တီး (Scaly-breasted Munia)

စာ၀တီးလို့ ခေါ်တဲ့ ငှက်လေးလေ။ သူ့ကို အပြင်မှာ မမြင်ဖူးရင်တောင် ဘုရားသွားတဲ့အခါ ဘုရားရဲ့ စောင်းတန်းအ၀တွေမှာ ငှက်လွှတ်ဦးမလားလို့ မေးတဲ့၊ လွှတ်ပီးရင် ပြန်ပြန်ဖမ်းရောင်းတဲ့ ငှက်ဖမ်းသမားတွေရဲ့ ခြင်းထဲမှာ တွေ့ဖူးကြမှာပါ။ အရွယ်အစား သေးငယ်တဲ့ စာတမျိုးဖြစ်ပီး ရင်ဘက်မှာ အကွက် အကွက်လေးတွေနဲ့ လှပတဲ့ ငှက်လေး တမျိုးဖြစ်ပါတယ်။ အုပ်စုလိုက်နေထိုင်ကျက်စားကြတာကို တွေ့ဖူးပါတယ်။ အဲ့လိုမျိုး နေထိုင်ကျက်စားတဲ့အတွက် ငှက်ဖမ်းသမားတွေရဲ့ထောင်ချောက်ထဲ အလွယ်တကူ သက်ဆင်းရတာနေမှာပါ။

Back