Burmese Yuhina
icon

မြန်မာယူဟီးနား (Burmese Yuhina)

ကလောက Burmese Yuhina (မြန်မာယူဟီးနား) ကလောလို့ ပြောလိုက်ရင် နာရီစင်၊ ရေအေးကန်၊ အိုးစည်တောင်၊ ဗျူးပွိုင့်ဆိုတဲ့ နေရာတွေနဲ့ တွဲပီး လူသိများတယ်။ ဒါပေမယ် ကလောက ငှက်ကြည့်ဖို့အတွက် အရမ်းကောင်းတဲ့နေရာဆိုတာတော့ သိတဲ့သူတွေနည်းတာပေါ့ဗျာ။ ရေအေးကန် သွားတဲ့လမ်းတလျှောက်၊ ဗျူးပွိုင့်သွားတဲ့လမ်း၊​ အိုးစည်တောင်သွားတဲ့လမ်းကနေ ဆက်သွားရတဲ့ မြင်းက စတဲ့နေရာတွေက ငှက်ကြည့်သမားတွေ ငှက်ဓာတ်ဆရာတွေ သဘောအရမ်းကျတဲ့နေရာတွေပေါ့။ အခု တင်ထားတဲ့ မြန်မာ့ယူဟီးနား ဆိုတဲ့ငှက်ကို ဗျူးပွိုင့်သွားတဲ့လမ်းက ရေထွက်တခုနားမှာ ကံကောင်းစွာနဲ့ မှတ်တမ်းတင်ခွင့်ရတယ်။ ကလောက သိပ်သဘောကောင်းတဲ့ ဝါရင့်ငှက်ကြည့်လမ်းညွှန် ကိုဖိုးခွားရဲ့ ကျွမ်းကျင်မှု နဲ့ အတွေ့အကြုံတွေကြောင့် အချိန် ၁ နာရီလောက်အတွင်းမှာ ယူဟီးနားလေးတွေကို မှတ်တမ်းတင်ခွင့်ရတယ်။ ပျော်တာပေါ့ဗျာ။ ကိုယ်လိုချင်တဲ့ ငှက်ကို အချိန်တိုအတွင်း ရအောင် မှတ်တမ်းတင်နိုင်တာ နည်းတဲ့ ကံကောင်းချက်မှ မဟုတ်တာ။ ယူဟီးနားအပြင် အခြားငှက်လေးတွေလည်း မှတ်တမ်းရခဲ့သေးတာပေါ့။ ကလောရဲ့ ရာသီဥတု အေးစိမ့်စိမ်နဲ့ ငှက်ကြည့်ရတဲ့ အချိန်တွေကလည်း တကယ့်ကို တန်ဖိုးရှိပ။ ကလောရောက်ခဲ့လို့ ဗျူးပွိုင့်သွားဖြစ်ရင် သတိထားပီး ကြည့်ကြည့်ဗျာ။ ငှက်လှလှလေးတွေ တွေ့ဖို့ အခွင့်အရေးများတယ်ဗျ။

Back