နဖားကြူး (Hooded Treepie)
ပုဂံ/ပုပ္ပါးက နဖားကြူး(Hooded Treepie) ဒီကောင်က ဆရာကြီး။ မြန်မာနိုင်ငံမှာပဲ တွေ့ရတဲ့ ငှက်ဗျ။ တွေ့ရရင်လည်း နီးနီးကပ်ကပ် ဓာတ်ပုံမှတ်တမ်း ရဖို့ ခက်တယ်။ အပြင်မှာ အဲ့ကောင် တကယ့်ကို လှတယ်။ ပုဂံက ဘုရားတွေ လိုက်ဖူးရင်းနဲ့ ကံကောင်းရင် သူ့ကိုတွေ့နိုင်တယ်။ ဘုရားလည်းဖူးရင်း လိပ်ဥလည်း တူးရင်းတော့ မဟုတ်ဘူး။ ဘုရားလည်းဖူးရင်း ငှက်လည်းကြည့်ပေါ့ဗျာ။ အဲ့တာမျိုးက ခင်ဗျားတို့ စိတ်အပန်းပြေစေတယ်။
Back