Black-naped Monarch
icon

စာမဲ (Black-naped Monarch)

ကျနော်ကတော့ သူ့ကို စာမဲလို့ ခေါ်တာထက် စာပြာလေးလို့ ခေါ်ရင် ပိုသင့်တော်မယ်လို့ ထင်မိတယ်။ တကိုယ်လုံး နီးပါး အပြာရောင် အမွှေးအတောင်လေးနဲ့ ငှက်လေးကို ဘာကြောင့်များ စာပြာလို့ မခေါ်ခဲ့ကြပါလိမ့်။ နောက်တခုက အပြာရောင်ဆိုတာ ချစ်ခြင်းမေတ္တာ နဲ့ ပတ်သက်တဲ့ အရောင်လို့ သတ်မှတ်ကြတယ်။ လှပတဲ့ ငှက်အပြာရောင်လေးဆိုတော ပိုပီး လှနေတယ်လို့ ထင်မိပါတယ်။ ငှက်အပြာရောင်လေးကို ကြည့်ပီး အပြန်အလှန် ချစ်ခြင်းမေတ္တာတွေ တိုးပွားကြပါစေ။

Back