Ashy-headed Green Pigeon
icon

ခေါင်းမီးခိုးရောင်ငူ (Ashy-headed Green Pigeon)

ရန်ကုန်-မန်းလေး အမြန်လမ်း မိုင်တိုင် ၈၃ ရဲ့ ဘယ်ဘက်မှာ ရိုးမပေါ်ကို ဖြတ်တတ်တဲ့ လမ်း တခုရှိတယ်။ ရဲနွယ်ဆည် ရှိတဲ့ဘက်ပေါ့။ အဲ့နေရာကနေ တက်သွားရင် လမ်းဘေး ဘယ်ညာ ငှက်သိပ်ပေါတယ်။ ရိုးမကို တက်တဲ့လမ်းအတိုင်း တက်သွားရင် လမ်းဘေးက သစ်ခြောက်ပင် ကိုင်းမှာ ငူငှက်တွေ အပြည့် နားနေတာ မသိရင် တပင်လုံး ငှက်တွေ သီးနေသလိုထင်ရအောင် ငှက် ပေါ်တယ်။ နာမည်ကြီး အောင်လောင်ငှက်တွေ အစာလာစားတဲ့အပင်၊ အောက်ချင်းငှက်တွေ ပျံသွားတာ၊ သာလိကာတွေ အုပ်လိုက်အစာစားတာ၊ သစ်တောက်ငှက်တွေ တတောက်တောက်နဲ့ အပင်ကို ခေါက်နေတာ စသည်ဖြင့် တော်တော်ကို စုံပါတယ်။ မနက်စောစော အဲ့ဒီလမ်းပေါ်မှာ ကားမောင်းရတဲ့ အရသာကလည်း သဘောကျစရာပဲ။ လမ်းရဲ့ ညာဘက်ခြမ်း ရဲနွယ်ဆည်ရဲ့ ရေပြင်ကို တောင်ကုန်းပေါ်ကနေ လှမ်းမြင်ရတဲ့အခိုက်အတန့်ကလည်း သိပ်ကိုလှပတယ်။ ဒီ ခေါင်းမီးရောင်ငူကို ကျနော်တို့ အဲ့မှာ မှတ်တမ်းတင်ခဲ့တယ်။ နောက်ထပ် ကျနော်တို့ မှတ်တမ်းတင်ချင်တဲ့ ငှက်တွေ အဲ့နေရာမှာ အများကြီး ကျန်နေသေးတယ်။ လုံခြုံစိတ်ချရတဲ့အချိန်ကျရင် ညအိပ်ခရီးသွားပီး အဲ့နေရာမှာ ငှက်တွေကို သွားကြည့်မယ်။

Back