Lineated Barbet
icon

ဖိုးခေါင်ငှက်/ဘိုတိုး (Lineated Barbet )

နန္ဒာအိုင်မင်း သဏ္ဍာန်လိုကန်အတွင်းဘောင် ရွှေအင်ကြင်းပန်းတွေမြန်းခတဲ့ချောင် ညီနောင်ပင်ဒွယံမှာမြင်ရသယောင် အသွင်ခြားနားတာ သနားကမားနဲ့ဆောင် ခင်ကညာသတိုးမြင်တာ ရွှေဖိုးခေါင် အသာအယာလှမ်းကြွကာဖမ်းပြရအောင်။ အပေါ်က စာပိုဒ်လေးက ဆရာရွှေပြည်အေး ရေးပီး အန်တီ ဒေစီကျော်၀င်း ဆိုထားတဲ့ ရွှေဖိုးခေါင် သီချင်းထဲက ပထမဆုံး စာပိုဒ်လေးပါ။ ဒီဖိုးခေါင်ငှက်လေးတွေကို ကျနော်တို့ ရိုးမသွားတဲ့ လမ်းဘေးက ကသစ်ပင်မှာ သူတို့ နားနေတဲ့အချိန် မှတ်တမ်းတင်ထားတာပါ။ နီမြမြ ကသစ်ပွင့်တွေမှာ အစိမ်းပါးပါးရောင် ဖိုးခေါင်ငှက်လေးတွေ နားနေတဲ့ပုံက သိပ်ကို ပနံ ရပါတယ်။

Back